ဒီနေ့မနက်(၈)နာရီကစပြီး ရတနာပုံဈေးမှာ မီးလောင်နေခဲ့ပါတယ် … အခုပို့စ်တင်တဲ့ ၁၂ နာရီထိ မီးမငြိမ်းသေးပါဘူး ….. တစ်ပြပတ်လည်ရှိတဲ့ ရတနာပုံဈေးတစ်ခုလုံး လောင်ကျွမ်းနေတာပါ …. SkyWalk Shopping Mall, MICT Park, Relax, Ray world complex အပါအ၀င် အားလုံးလောင်နေပါတယ် …..
FIRE
February 25, 2008Happy Birthday – Virus
February 22, 2008ံဒီရက်ပိုင်းမှာ Happy Birthday – Virus ပြန့်နေတယ် …
ပြန့်နှုန်းမြန်တယ် …
ဒီမှာတော့ အင်တာနက်ဆိုင်၊ ဓာတ်ပုံဆိုင်၊ ဗီနိုင်းဆိုင်တွေကနေတစ်ဆင့် ကူးစက်လာတာများတယ် …
သတိထားကြပါဗျို့ ……
ဖြစ်လာခဲ့ရင် ဖြေရှင်းနည်းက …..
ဒီကောင်က windows စတတ်တာနဲ့ အသုံးပြုရတဲ့ ntdlr ဆိုတဲ့ဖိုင်ကိုဖျက်ပစ်လိုက်တာဗျ ..။
ntdlr ဆိုတဲ့ဖိုင်ကို Windows ရှိတဲ့ drive ထဲ ကော်ပီပြန်ကူးထည့်လိုက်ရင်သူကချက်ချင်းပြန်ဖျက်ပစ်လိ မ့်မယ် .။ဖျက်နေတဲ့ process မပြီးခင် ကွန်ပျူတာကို restart ရအောင်လုပ် ..။
အဲပြောဖို့ကျန်ခဲ့လို့ဒီကောင်က registery ထဲမှာလည်းဝင်ပြင်ထားသေးတော့ registery ကိုလည်းပြန်ပြင်ပေးရမယ် ..။ registery ပိတ်ထားလို့ စိတ်ပူပါနဲ့
PHP Code:
Enable/Disable Registry Editing tools
‘© Doug Knox – rev 12/06/99
Option Explicit
‘Declare variables
Dim WSHShell, n, MyBox, p, t, mustboot, errnum, vers
Dim enab, disab, jobfunc, itemtype
Set WSHShell = WScript.CreateObject(“WScript.Shell”)
p = “HKCU\Software\Microsoft\Windows\CurrentVersion\Policies\System\”
p = p & “DisableRegistryTools”
itemtype = “REG_DWORD”
mustboot = “Log off and back on, or restart your pc to” & vbCR & “effect the changes”
enab = “ENABLED”
disab = “DISABLED”
jobfunc = “Registry Editing Tools are now “
‘This section tries to read the registry key value. If not present an
‘error is generated. Normal error return should be 0 if value is
‘present
t = “Confirmation”
Err.Clear
On Error Resume Next
n = WSHShell.RegRead (p)
On Error Goto 0
errnum = Err.Number
if errnum 0 then
‘Create the registry key value for DisableRegistryTools with value 0
WSHShell.RegWrite p, 0, itemtype
End If
‘If the key is present, or was created, it is toggled
‘Confirmations can be disabled by commenting out
‘the two MyBox lines below
If n = 0 Then
n = 1
WSHShell.RegWrite p, n, itemtype
Mybox = MsgBox(jobfunc & disab & vbCR & mustboot, 4096, t)
ElseIf n = 1 then
n = 0
WSHShell.RegWrite p, n, itemtype
Mybox = MsgBox(jobfunc & enab & vbCR & mustboot, 4096, t)
End If
ဆိုတာကို ကူးပြီး .vbs နဲ့သိမ်းလိုက် ..။ အဲဒီဖိုင်က registery ကို enable ပြန်လုပ်ပေးလိမ့်မယ် ..။
အဲဒီတော့ အဆင့် ၁ အနေနဲ့
virus ၀င်နေတဲ့ ကွန်ပျူတာကို စီဒီနဲ့ ntdlr ရယ် အပေါ်က vbs ဖိုင်လေးရယ်ကူးထည့်
(၂)vbs ကိုအရင်ဆုံး run
(၃) ntdlr ကို windows ရှိတဲ့ drive ထဲကို copy & paste လုပ်
virus ကချက်ချင်းပြန်ဖျက်ပစ်လိမ့်မယ် ..။
(၄)ဖျက်နေတဲ့ process မပြီးခင် ကွန်ပျူတာကို restart ရအောင်လုပ် .။
(၅) save mode နဲ့တတ် ..
(၆)msconfig က start up မှာ explorcr ဆိုတာကိုဖျက်ပစ် ..
(၇)registery ထဲကိုဝင် ..
(၉)HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Share d Tools\MSConfig\startupreg ထဲက explorcr.exe ပါနေတဲ့ value တွေကို ဖျက်ပစ်လိုက် ..။
ကွန်ပျူတာကို restart ပြန်လုပ်လိုက်တာနဲ့ နဂိုအတိုင်းပြန်လည်အသုံးပြုလို့ရနိုင်မှာပါ .။
ntdlr ဖိုင်ကို တစ်ခြား windows ကနေကော်ပီလုပ်ယူရမှာနော် …။ windows ရှိတဲ့ drive ထဲမှာ သူ့ကို hide လုပ်ထားတယ် .။ အဲဒီဖိုင်လေးကိုရှာပြီးကူးထည့်ရမှာ ..။virus ကပြန်ဖျက်တဲ့အချိန်မှာလည်း ချက်ချင်း restart လုပ်နိုင်ဖို့လည်းလိုတယ်ဗျို့  …။
http://www.mysteryzillion.com
Talking with Academy Thaw Zin
February 15, 2008ဂီတမှူး အကယ်ဒမီ သော်ဇင် (လ၀န်းအိမ်) တစ်ယောက် မန္တလေးပြန်ရောက်ပြီး သောင်းသောင်းဖြဖြ ကြိုခဲ့ကြသလို သူ့ရဲ့ လ၀န်းအိမ် တီးဝိုင်းအဖွဲ့သားများကလည်း ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။ မအားလပ်တဲ့ကြားက အကယ်ဒမီပွဲမှာ မပြောဖြစ် တဲ့စကားများကို မေးဖြစ် ပြောဖြစ်ခဲ့ကြပါတယ်။
အကယ်ဒမီရဖို့ ဘယ်လိုများကြိုးစားခဲ့သလဲလို့မေးတော့ ကိုသော်ဇင်က မန္တလေးသားတွေရဲ့ စေတနာအရင်းခံပေါ့ဗျာ။ ကောင်းအောင်လုပ်ပေးလိုက်တယ်။ မလုပ်ဘူးဆိုလည်း အစကထဲက မလုပ်ဘူး။ အကယ်ဒမီဆိုတာကြီးလည်း ခေါင်းထဲမှာ မရှိခဲ့ပါဘူး။ အလုပ်တစ်ခုကို ဆုံးခန်းတိုင်အောင်လုပ်ပေးလိုက် တာပါ။ လမ်းခုလတ်မှာ ရပ်တာဖြတ်တာမရှိပဲ တစိုက်မတ်မတ် ကြိုးစားပေးခဲ့လို့ အခုလို အကယ်ဒမီရတယ်လို့ ပြောလို့ရပါတယ်။
ရီမြင့်ရုပ်ရှင် ထုတ်လုပ်ရေးက ကိုဇော်မြင့်ရဲ့ ကျေးဇူးတွေလည်း အများကြီးပါပါတယ်။ သူက ကျွန်တော့်ကို လုပ်ခိုင်းခဲ့ တယ်။ ကိုယ့်ရဲ့ကြိုးစားမှုတွေကို အထောက်အကူအများကြီးပေးခဲ့ပါတယ်။ နောက်ပြီးသီချင်းရွေးချယ်မှုကလည်း ကောင်းခဲ့ပါတယ်။ ပျို့မှာတမ်း၊ အဝေးကမေ၊ ရောင်နီပျို့၊ လေပြေညင်းနဲ့ပျော်ကြမယ်၊ ချစ်တဲ့သက်လယ် အစရှိတဲ့ သီချင်းကောင်းလေးတွေကလည်း ပံ့ပိုးပေးထားပါတယ်။ ကျွန်တော်ကတော့ လိုနေသေးတယ်လို့ ထင်တာပါပဲ။ အင်အားရှိသလောက်တော့ ကြိုးစားဦးမှာပါ။ ပရိသတ်ရဲ့ ဆုံးဖြတ်ချက်က အဓိကကျပါတယ်။
အကယ်ဒမီရသူနာမည်ကြေငြာချိန်မှာ ဘယ်လိုခံစားရသလဲလို့မေးတော့ အကယ်ဒမီရပြီလို့ ကြားလိုက်ရတဲ့အခါမှာ ပထမဆုံးပျော်တယ်။ ပြီးတော့ ကြောက်သွားတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပိုပြီးလေးနက်လာတယ်လို့ ခံစားရတယ်လေ။ နောက်ပြီး အဖေ့မျက်နှာကို ပြေးမြင်လိုက်တယ်။ အဖေဖြစ်သူ ဦးဘတူက လက်ဦးဆရာပါ။ အဖေတို့ သင်္ဂဟ အဖွဲ့က အိမ်မှာတီးလုံးတိုက်ကြတာဆိုတော့ ကျွန်တော်ငယ်စဉ်ကထဲက ဂီတနဲ့ ထိတွေ့ခဲ့ပါတယ်။ သမိုင်းပေးတာဝန်လို့ပဲ ပြောရမလား အဖေလုပ်သမျှတွေကို ကြည့်ပြီး ဂီတလမ်းကြောင်းပေါ်ကို ရောက်လာရတာပါပဲ။ အဖိုးဖြစ်သူ ဦးဘသာက မြန်မာတူရိယာပစ္စည်းများကို ထုတ်လုပ်ရောင်းချပါတယ်။ ဟိုက်စကူးမောင်စိန်ဆိုပြီး ပြဇာတ်တွေကဖူးပါတယ်။ လွှ ကို ၀ါးခြမ်းပြားနဲ့ တယောလို ဂီတသံစဉ်ဖြစ်အောင် တီးပြနိုင်သူပါ။ အမေ ဒေါ်ညွန့်မေကလည်း သီချင်းဆိုခဲ့သူဖြစ်လေတော့ ကျွန်တော်က အနုပညာမျိုးရိုးဗီဇပါသူ တစ်ဦးပါ။
ကျေးဇူးတင်ထိုက်သူတွေကိုမေးတော့ သင်ဆရာဖြစ်တဲ့ ဦးဘိုခင်၊ ဦးရွှန်းမြိုင်၊ မြင်ဆရာ၊ ကြားဆရာများဖြစ်တဲ့ ဦးတင်ဝင်းလှိုင်၊ စန္ဒားရားဦးလှထွဋ်၊ ဒေါက်တာဝင်းသူ၊ မင်းမင်း(M Studio)၊ ဇော်တိကဦးကျော်လွင်၊ ကိုဇော်ဇော်(ဘိုအဖွဲ့) ဦးဗို+ဒေါ်မာလာတို့ကို ကျေးဇူးတင်ရမှာပါ။
အကယ်ဒမီရပြီဆိုတော့ ရှေ့ဆက်ဘာလုပ်မလဲ မေးတော့ ဆက်ကြိုးစားရမှာပေါ့။ ရပ်နေလို့ မဖြစ်ဘူး။ နောက်ထပ် အကယ်ဒမီရရင် ဆက်လုပ်မယ်။ မန္တလေးအတွက် ဂုဏ်ယူမိပါတယ်လို့ ပြောကြားသွားပါတယ်။
Zaw Myint (Ye Myint – Movie Production)
February 15, 2008အရင်းအနှီးများစွာနဲ့ နှစ်ပေါင်းများစွာ ရင်းနှီးပေးဆပ်ရင်း ရုပ်ရှင်ကားပေါင်းများစွားကို တင်ကျန်အောင်ရိုက်လေ့ရှိတဲ့ မန္တလေးမြို့က ရီမြင့်ရုပ်ရှင်က ကိုဇော်မြင့်တစ်ယောက် ၂၀၀၆-ခုနှစ် ရုပ်ရှင်အကယ်ဒမီဆု(၃)ဆုရတဲ့ ပန်းပျိုးသူတို့ အလင်္ကာမှာ အောင်ပန်းဆင်နိုင်ခဲ့ပါတယ်။ အကယ်ဒမီပေးပွဲက အပြန် တွေ့ဖြစ်ခဲ့တဲ့ ကိုဇော်မြင့်နဲ့ ရင်တွင်းစကားများ ပြောဖြစ်တဲ့အခါ ရစေချင်တဲ့ ဆုတွေ ရခဲ့တာမို့ ကျေနပ်ပါတယ်။ လိုချင်တဲ့ဆုတွေချည်းပါပဲ လို့ ဆိုရင်း အကယ်ဒမီက နတ်ကြီးတယ်လေ ရပြီဆိုတာသေချာမှပဲ ဆန္ဒနဲ့ ကိုက်နေတာတွေ့ရတော့ အဆင်ပြေသွားတယ်။ တစ်ခါတစ်ခါ အရင်းနှီးကြီးကြီးပေးပြီး ကိုယ့်ဆန္ဒအတိုင်း ဖြစ်မလာတော့ စိတ်ညစ်တာမျိုး ရှိတာပေါ့လေ။ ခဏခဏလဲကျလိုက် ပြန်ထလိုက်နဲ့ နေသားကျနေပါပြီလို့လည်း ဆိုပါတယ်။ ရိုက်ခဲ့တဲ့ကားတိုင်း ကောင်းအောင်ရိုက်ခဲ့တယ်။ အောင်မြင်တယ်ဆိုပေမယ့်လည်း ငွေကြေးအရ ရှုံးတာတွေလည်း ရှိတာပါပဲ။ ဘာပဲပြောပြော ရီမြင့်ရုပ်ရှင်ရဲ့အကယ်ဒမီ ပန်းခင်းကြီးကို မျှော်ကြည့်လိုက်မယ်ဆိုရင် တမျှော်တခေါ်ကြီးရှိခဲ့တာပါ။ ပထမဆုံးရိုက်ခဲ့တဲ့ အဖြူအမည်းရုပ်ရှင်ဖြစ်တဲ့ တတိယအရွယ်၏ဒုတိယဝေဒနာက စလို့ အကယ်ဒမီရခဲ့တဲ့ ဇာတ်ကားတွေကို ပြောရရင် မြင့်မိုရ်ထက်မြင့်သော၊ သင်္ကြန်မိုး၊ ဒဏ္ဍာရီ၊ ပန်းဒဏ္ဍာရီနဲ့ အခုနောက်ဆုံးရသွားတဲ့ ပန်းပျိုးသူတို့ အလင်္ကာအထိပေါ့။
ဒါကြောင့် ပျိုးကြဲသူ ကိုဇော်မြင့်ရဲ့ ကားတစ်ကားကို ငွေကြေးအရ တွက်ချက်ထည့်မတွက်ပဲ ရိုက်ခဲ့တဲ့ အတွက် အကယ်ဒမီအောင်ပန်းတွေ ဆင်မြန်းနိုင်ခဲ့သလိုပဲ ရဲရဲပက်ကြဲခဲ့လို့ ရှင်သန်လာခဲ့ကြတဲ့ ဇင်ဝိုင်း၊ မေသန်းနု၊ နေအောင်တို့ ဖူးပွင့်ခဲ့ကြပါတယ်။ မန္တလေးက ဂီတသမားတွေလည်း အကယ်ဒမီစင်မြင့်ထက်မှာ ၀ံ့ကြွားနိုင်ခဲ့ကြပါတယ်။ ပန်းပျိုးသူတို့ အလင်္ကာရဲ့ သုံးဆုသော အကယ်ဒမီထဲမှာ ဒီနှစ် အတွက် မန္တလေးသား ဂီတမှူးတစ်ဦးဖြစ်တဲ့ ကိုသော်ဇင်တစ်ယောက် မျိုးစေ့မှန်လို့ ရှင်သန်ခွင့်ရသွားပြီမို့ ၀မ်းမြောက်ပီတိတွေနဲ့ အားရှိရပါတယ်။ မေသဉ္ဇာဦးနဲ့ ကိုသန်းညွန့်တို့က ရိုက်ကွင်းမှာ ကထဲက ကျေနပ်မှုရှိပြီးသားမို့ ကိုသော်ဇင်အတွက် မရဲတရဲနဲ့ ဖြစ်နေရချိန်မှာ အကယ်ဒမီဆုကို ပွေ့ပိုက်တာ မြင့်ရတော့မှ စိတ်ချရပါတယ်လို့ ရယ်ရယ်မောမော ပြောပြခဲ့တဲ့ ကိုဇော်မြင့်တစ်ယောက် ရီမြင့်ရုပ်ရှင်အတွက် နောက်ထပ်ကားကြီး နှစ်ကား ရိုက်ဖို့ စီစဉ် ထားပြန်ပါတယ်။ လာမယ့် ဧပြီလဆန်းလောက်မှာ ဒါရိုက်တာ မောင်တင်ဦးနဲ့ ဒါရိုက်တာဟိန်းစိုးတို့နဲ့ ရိုက်ကူးမှာဖြစ်ပြီး မျိုးစေ့လောင်းများ ရွေးချယ်နေတယ်လို့သိရပါတယ်။
Beauty Couple of the Year 2008-2009
February 15, 2008မန္တလေးမြို့ ရတနာပုံဈေး ပထမထပ်မှာရှိတဲ့ SkyWalk Shopping Mall (Promotion Area)မှာ ဖေဖော်ဝါရီလ ၁၂ ရက် ကနေ ၁၄ ရက်နေ့အထိ နံနက်(၁၀)နာရီမှ ည (၉)နာရီအတွင်း ချစ်သူများနေ့ (Valentine Day) အထိမ်းအမှတ် ပြပွဲနဲ့ ဈေးရောင်းပွဲတော်တစ်ခု ကျင်းပပြုလုပ်ခဲ့ ပါတယ်။ မိုးကုတ်ပေါက်ပေါက်၊ Kanebo၊ Right Choice နဲ့ Secret Garden တို့ရဲ့ ပူးပေါင်းတင်ဆက်မှုဖြစ်ပြီး ချစ်သူစုံတွဲ များ ပါဝင်ဆင်နွဲနိုင်သည့် ပျော်ရွှင်စရာ အစီအစဉ်များပါဝင်ပါတယ်။ အခမ်းအနားမှာ မိုးကုတ်ပေါက်ပေါက်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပေးနေပြီး ပွဲတော်ရက်အတွင်း တစ်ရက်ကို သုံးကြိမ်ခွဲကာ မိုးကုတ်ပေါက်ပေါက်မှ Model မောင်မယ်များက ဖက်ရှင်ရှိုးများ၊ အကအလှများဖြင့် ဖျော်ဖြေကြပါတယ်။ မင်္ဂလာဝတ်စုံများဝတ်ဆင်ပြသခြင်း၊ RC-Right Choice ရဲ့ အမျိုးသားများအတွက် Style လည်းကျ၊ Smart လည်းဖြစ်စေ မယ့် အ၀တ်အစားများ ၀တ်ဆင်ပြသခြင်းများ ပါဝင်ပါတယ်။ ဒါ့အပြင် မိတ်ကပ်ပညာရှင် အိတုံ နဲ့ ဘိုနီတို့ရဲ့ Kanebo အလှကုန်များအသုံးပြု မိတ်ကပ်လိမ်းခြယ်ခြင်းအစွမ်းများကို ပြသနေတာကိုလည်းတွေ့မြင်ရပါတယ်။ Secret Garden ရဲ့ ဥရောပနိုင်ငံလုပ် အကောင်းစားချောကလက်များ၊ နိုင်ငံခြားမှ တင်သွင်းလာသော နှင်းဆီပန်းရောင်စုံများ၊ ချစ်သူများနေ့ အတွက် ဆန်းဆန်းပြားပြား လက်ဆောင်ပစ္စည်းများ ရောင်းချပေးတဲ့ အပြင် မန္တလေး၊ ရန်ကုန်နဲ့ အခြားမြို့တွေကကိုပါ အမြန်ဆုံးပို့ဆောင်ပေးတဲ့အစီအစဉ်များနဲ့ ၀န်ဆောင်မှုပေးလျှက် ရှိပါတယ်။ ကံစမ်းမဲများလည်းပါဝင်ပြီး Beautiful Couple of the year 2008-2009 ကိုရွေးချယ်ရာမှာ ကိုမိုးမြင့်၊ မသဇင်အောင်တို့စုံတွဲကရရှိပြီး ဆုများအဖြစ်မင်္ဂလာဝတ်စုံ၊ မင်္ဂလာ ခန်းမပန်းအလှဆင်မှု၊ လက်ကိုင်ပန်း၊ မိတ်ကပ်ဆံပင်အလှဆင်ခြင်း၊ လက်ဝတ်ရတနာဆင်မြန်းခြင်းအပါအ၀င် စုစုပေါင်း ကျပ်သိန်း(၂၀)တန်ဖိုးရှိဆုလက်ဆောင်များကို ရရှိမှာဖြစ်ပါတယ်။
Zawgyi Font 2008
January 17, 2008၂၀၀၈ခုနှစ်ကို ကြိုဆိုတဲ့အနေနဲ့ ဇော်ဂျီဖောင့်၊ ကီးဘုတ်၊ ကီးဘုတ်ပုံ စတာတွေ အားလုံးကို နှစ်သစ်ကူးလက်ဆောင်အဖြစ် စတင် ထုတ်ဝေလိုက်ပါပြီ။ အသစ်တင်ထားပါပြီ။ အသေးစိတ်ကို ဒီနေရာတွင် ကြည့်ပါ။ဒီအသစ်မှာတော့ အရင်အခေါက်တွေတုန်းကလို မဟုတ်ဘဲ ကြီးကြီးမားမား ပြောင်းလဲချက်တွေ ပါပါတယ်။
ပဋ္ဌ်ဆင့် “ဘ” အသစ်တစ်ခုကို ထည့်ထားရပါတယ်။
ကီးဘုတ်နေရာတွေကို ပြောင်းထားပါတယ်။ ဒီပြောင်းလဲမှု အသစ်က ပိုပြီး အဆင်ပြေစေမယ်လို့ ယူဆပါတယ်။ ဇော်ဂျီကီး (dead-key ရဲ့ နာမည်သစ်) တစ်ခု ပါပြီးတော့ Symbol Key တစ်ခု ပါပါတယ်။ SK နှိပ်ပြီး punctuation တွေ symbol တွေကို အင်္ဂလိပ်ကီးအတိုင်း ရိုက်နိုင်မှာ ဖြစ်တဲ့အတွက် မြန်မာလို ရိုက်နေတုန်း comma လေးတစ်ခု ထည့်ချင်လို့ language တစ်ခု ပြောင်းစရာ မလိုတော့ပါဘူး။ Keyboard map အသစ်ကို ယူကြည့်လိုက်ပါ။
Zero-width space ကို ကီးဘုတ်ပေါ် ထည့်ပေးထားပါတယ်။ စကားလုံးတွေ ခြားဖို့ manual ရိုက်ထည့်နိုင်ဖို့ပါ။ Google လိုမျိုး ရှာဖွေရေး အင်ဂျင်တွေက ကောင်းကောင်း ရှာစေချင်ရင် ဒါလေးကို ထည့်ထည့်ပြီး ရိုက်ပေးနိုင်ပါတယ်။
ထုံးစံအတိုင်း ကျွန်တော်တို့တွေ မအားကြလို့ စာရွက်စာတမ်း သေသေချာချာတော့ မရေးထားရသေးပါဘူး။ ဒါပေမဲ့ ပိုပြီး လွယ်ကူပြည့်စုံလာတယ် ဆိုတာတော့ တင်ပြလိုက်ရပါတယ်။
ဧရီယယ်-ဇော်ဂျီဖောင့် arial-zawgyi-20071230.ttf
ဇော်ဂျီဖောင့်အသစ် Zawgyi-One-20071230.ttf
ဇော်ဂျီကီးဘုတ်အသစ် Zawgyi_Keyboard_L.zip
ဇော်ဂျီကီးဘုတ်မြေပုံအသစ် Zawgyi Unicode Keyboard L.pdf
စိတ်ဝင်စားသူ developer တွေအတွက် ဇော်ဂျီကီးဘုတ် source ZawgyiL.klc
source: zaygyi.net
Mother Day (Mandalay) 2008
January 17, 2008(၁၂)ကြိမ်မြောက် မန္တလေးအမေနေ့အခမ်းအနားကို ပြာသိုလပြည့်နေ့ (၂၂-၁-၂၀၀၈)နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ အချိန်က နေ့(၁)နာရီဖြစ်ပြီး နေရာက သကျသီဟဘုရား၊ ဝေဇယန္တာဓမ္မာရုံမှာ ကျင်းပမှာပါ။ သကျသီဟဘုရား တည်နေရာကတော့ ၃၁ လမ်း၊ ၈၅x၈၆ လမ်းကြား ဖြစ်ပါတယ်။ အခမ်းအနားမှာ အမျိုးသားစာပေဆုရ စာရေးဆရာ လယ်တွင်းသားစောချစ်နဲ့ စာရေးဆရာဒါရိုက်တာ မောင်နှင်းမိုးတို့က အမေ့ကျေးဇူး၊ အမေ့ဂုဏ်ရည်တို့ကို ဟောပြောမှာဖြစ်ပါတယ်။
အမေ့ခြေရာ၊ အဖေ့ခြေရာ ရယူပေးခြင်းများလည်း ဆောင်ရွက်ပေးနေတဲ့အတွက် အမေ့ခြေရာ၊ အဖေ့ခြေရာ ရယူလိုသူများ (၁၄-၁-၂၀၀၈)ကနေ (၂၁-၁-၂၀၀၈) ရက်နေ့အတွင်း နံနက်(၉)နာရီမှ မွန်းလွဲ(၂)နာရီအတွင်း ဝေဇယန္တာဓမ္မာရုံ (သကျသီဟဘုရား)မှာ မိဘနှင့်အတူ သွားရောက်ခံယူရရှိနိုင်မှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ် ……
ဆောင်းရောက်ပြီ
November 5, 2007အရင်ရက်က ဆောင်းကြိုမိုးရွာပါတယ် ….
အပူကိုငြိမ်းနေစေပြီး ဆောင်းအတွက် အအေးဓာတ်တွေကို ဖြစ်ပေါ်စေပါတယ် ….
ဒီနေ့မနက် ဆောင်းရဲ့အရသာ နှင်းတွေဝေနေပါတယ် …..
ဒီနေ့စပြီး အအေးဓာတ်တွေ ပိုလာပါပြီ ……
Blogger to WordPress
November 1, 2007Blogger မှသည် WordPress သို့ ပြောင်းရွေ့လိုက်ပါပြီ ……
ဒီနေ့ကစပြီး WordPress မှာပဲ ဆက်ပြီးရေးတော့မယ် ……
Posted by sayaba
Posted by sayaba
Posted by sayaba 