ဒါရိုက်တာမောင်ယဉ်အောင်ရိုက်ကူးခဲ့တဲ့ ကိုးဆယ်ဆသာလိမ့်မယ် ရုပ်ရှင်ဇာတ်ကားမှာ ရန်အောင်၊ မေသန်းနု၊ ကျော်ရဲအောင်တို့နှင့် တွဲဖက်သရုပ်ဆောင်ပြီး လူသိများလာတဲ့ လူငယ်သရုပ်ဆောင် ဇူးထက် တစ်ယောက် မတ်လ(၇)ရက်နေ့မှာ မန္တလေးမြို့သစ်က အမေအိမ်မှာပဲ ကွယ်လွန်ခဲ့ကြောင်းသိရပါတယ်။ ဇူးထက်ဟာ ဦးခင်မောင်ရင် (ရတနာပုံကားသင်း)နဲ့ ဒေါ်တင်တင်ချိုတို့ရဲ့ သားဖြစ်ပြီး အမည်ရင်းမှာ ကိုကိုဦး ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက်(၂၂)နှစ်ရှိပြီး B.Sc (Chemistry) ဘွဲ့ရ လူငယ်တစ်ဦးဖြစ်ပါတယ်။ ငှက်ဖျားပိုး ဦးနှောက်ထဲရောက်ပြီး ကွယ်လွန်ခဲ့တာဖြစ်ပြီး မတ်လ(၈)ရက်နေ့က သဂြိုလ် ခဲ့ပါတယ်။ မကွယ်လွန်မီ ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး)၊ ဒါရိုက်တာ ချိုးတူးဇော် တို့နှင့် ဗီဒီယိုဇာတ်ကားများ ရိုက်ကူးခဲ့ပါတယ်။ လောလောဆယ် ဗီဒီယိုဇာတ်ကားနှစ်ကား ထွက်ရှိဖို့ရှိနေပြီး ရုပ်ရှင် ဇာတ်ကားကြီးရိုက်ဖို့ စီစဉ်ဆဲမှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။