နွေရောက်ပြီ …..
မန္တလေးရဲ့ နွေသင်္ကေတတစ်ခုဖြစ်တဲ့ မီးလောင်တာလည်း ရတနာပုံဈေးမီးက ပြောပြခဲ့ပြီ ….
ဒီနေ့တော်တော်ကိုပူတယ် ……
ညပိုင်းမှာ အိပ်လို့မရအောင် ပူလာပါပြီ ….
ညနေခင်းက လမ်းပေါ်မှာလူတွေများနေလို့ ဘာဖြစ်တာလဲလို့ ကြည့်လိုက်တော့ ….
အော် …. အိမ်ထဲမှာပူလို့ အပြင်ကိုထွက်နေကြတာလေ …
ဆယ်တန်းရဲ့ သိပ္ပံတွဲကလည်း ဒီနေ့ပြီးတယ်လေ ……
နွေဦးရွက်သစ်တွေတောင်ထွက်နေပြီ …..
အရိုးပြိုင်းပြိုင်းနဲ့ ရွက်သစ်တွေက ပွင့်လင်းရာသီဆိုတာကိုများ ရည်ညွန်းသလားမသိပါဘူး …..
နွေကျောင်းပိတ်ရက်မို့ ခရီးသွားလုပ်ငန်းတွေလည်းအပြိုင်အဆိုင် ကြေငြာနေကြတယ် ….
ခရီးလေးတစ်ခုတော့ ထွက်ချင်ပါရဲ့ ……
Summer
March 16, 2008Honor to Academy Thaw Zin
March 14, 2008
၂၀၀၆-ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုပေးပွဲမှာ “ပန်းပျိုးသူတို့အလင်္ကာ”ဇာတ်ကားနဲ့ အကောင်းဆုံး တေးဂီတ အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိခဲ့တဲ့ ကိုသော်ဇင်(ခ)ကိုပေါက်စ လ၀န်းအိမ် တေးဂီတကို ဂုဏ်ပြုတဲ့အခမ်းအနားကို မတ်လ(၁၃)ရက်နေ့ ညနေ(၇)နာရီမှာ Oriental House ခန်းမမှာ ကျင်းပပြုလုပ်ရာမှာ မန္တလေးတိုင်းတိုင်းမှူး၊ မန္တလေးမြို့မြို့တော်ဝန်၊ ဂီတပညာရှင်များ၊ ဂီတအသိုင်းအ၀ိုင်းမှ မိတ်ဆွေများနဲ့ မန္တလေးမြို့ မြို့မိမြို့ဖများတက်ရောက် ဂုဏ်ပြုအားပေးကြပါတယ်။
Essentials for Software Engineer (Programming Seminar)
March 14, 2008
အလုပ်ခွင်ဝင်ရောက်မယ့် Programmer များ၊ နိုင်ငံခြားကို သွားရောက်လုပ်ကြမယ့် Programmer များနဲ့ Programming ကိုစိတ်ဝင်စားတဲ့သူတွေအတွက် ရည်ရွယ်ပြီး Programming နဲ့ပတ်သတ်တဲ့ seminar ကို ဒီနေ့ ၁၄ ရက် မွန်းလွဲ ၁-နာရီမှာ ၃၁-လမ်းနဲ့ လမ်း-၇၀ ထောင့်မှာ တည်ရှိတဲ့ မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေး) မှာ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း ဖိတ်ကြားလာပါတယ်။
ဦးဇော်မိုး (MIT)၊ ဦးထွန်းခိုင် (iNTEGRA)၊ ဦးဝင်းထိန်ဝင်း (Gustro)၊ ၀ဏ္ဏကို (မြန်မာပြက္ခဒိန်)နှင့် Alpha Computer မှ ပညာရှင်များ ဟောပြောကြမှာ ဖြစ်ပါတယ်။
Alpha Computer က ကျင်းပပြုလုပ်တာဖြစ်ပြီး အသေးစိတ်ကို http://www.alpha.com.mm/programmer/ မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။
MICT Park From Yadanabon to Zeygyo
March 13, 2008
လျှပ်စစ်မီးချို့ယွင်းချက်ကြောင့် ဖြစ်ခဲ့ရတဲ့ မန္တလေးရတနာပုံဈေးမီးကြောင့် နေရာပျောက်ခဲ့ရတဲ့ ဆိုင်တွေ ဒီရက်ပိုင်းမှာ နေရာအပြောင်းအလဲတွေနဲ့ လုပ်ငန်းတွေစတင်လည်ပတ်နေကြသလို နေရာရှာမတွေ့သေးသူ တွေလည်းရှိနေပါသေးတယ်။ မန်းမြန်မာပလာဇာနဲ့ ရတနာပုံဈေးအနီးပတ်ဝန်းကျင်တွေမှာ နေရာငှားရမ်းလို့ ဆိုင်ခန်းများဖွင့်လှစ်နေသူရှိနေသလိုပဲ မန္တလေးမြို့စည်ပင်သာယာရေးကော်မတီက တည်ဆောက်ပေးနေတဲ့ ၇၇ လမ်း၊ ၂၆x၃၀ လမ်းကြားက ယာယီဈေးနေရာကို စောင့်မျှော်နေကြတာတွေလည်းရှိနေပါတယ်။ ရတနာပုံ အဆင့်မြင့်ဈေးကြီးရဲ့ တတိယထပ်နဲ့ စတုတ္ထထပ်တွေမှာ ကွန်ပျူတာအရောင်းပြခန်း၊ ကွန်ပျူတာသင်တန်းနဲ့ ပြုပြင်ရေးဆိုင်အများအပြားရှိခဲ့ပါတယ်။ အဲဒီလိုပဲ ကွန်ပျူတာဈေးကွက်ကို တစ်စုတစ်စည်းတည်း ဖြစ်ဖို့ အဆင့်မြင့်ဈေးချိုပလာဇာရဲ့ ၅ လွှာ၊ ၆ လွှာ၊ ရ လွှာတွေမှာ ကွန်ပျူတာနဲ့ပတ်သက်တဲ့ အရောင်းပြခန်း၊ သင်တန်း၊ ပြုပြင်ရေးဆိုင်များအတွက် သီးသန့်ရည်ရွယ်ပြီး ပေ ၂၀ ပတ်လည်အခန်းများ ငှားရမ်းပေးဖို့ FIVE OCEANS COMPANY နဲ့ မန္တလေးမြို့စည်ပင်သာယာရေးကော်မတီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်နေပြီ ဖြစ်ကြောင်း မတ်လ(၁၂)ရက်နေ့ မွန်းလွဲ(၂)နာရီကကျင်းပတဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ Five Oceans Company ဒါရိုက်တာဖြစ်သူ ဦးကြည်အောင်မှ ပြောကြားခဲ့ပါတယ်။ အခန်းပြင်ဆင်ဖွဲ့စည်းဖို့ ၄၅ ရက်တာ အချိန်ပေးထား မှာဖြစ်ပြီး အခန်းငှားရမ်းခကို ပထမ (၆)လအတွက် အခမဲ့ဖြစ်ပါတယ်။ ပေ ၂၀ ပတ်လည်ရှိမယ့် နေရာတစ်နေရာကို ၅ လွှာအတွက် ၈ သောင်း၊ ၆ လွှာအတွက် ၆ သောင်းနဲ့ ငှားရမ်းပေးမှာဖြစ်ပြီး လျှပ်စစ်မီး အတွက် မီးမလာပါက မီးစက်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ၇ လွှာမှာတော့ Conference Room, Meeting Room များပါဝင်မှာဖြစ်ပြီး အပေါ်ဆုံးထပ်မှာ ရေဂါလံ တစ်သိန်းခြောက်သောင်းဆန့်မယ့် ရေလှောင်ကန်များ ပါရှိမှာဖြစ်ပါတယ်။ မီးဘေးကြိုတင်ကာကွယ်ရေး၊ လုံခြုံရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးအပိုင်းကိုလည်း ထည့်သွင်း ပေးထားမှာဖြစ်ပြီး ဧပြီလကုန်မှာဖွင့်လှစ်နိုင်ဖို့ အဆင့်မြင့်ဈေးချိုပလာဇာမှာ ရှိတဲ့ Five Oceans Company မှာ နှစ်ချုပ်ဖြင့်စတင်ငှားရမ်းပေးနေပြီဖြစ်ပါတယ်။
Journalism School Head Saya Ko Yoe Kunt Move to Yangon
March 11, 2008
ရန်ကုန်မြို့သို့ ပြောင်းရွေ့အခြေချတော့မည့် မန္တလေးမြို့ရဲ့ စာနယ်ဇင်းပညာသင်တန်း Journalism School ကို တည်ထောင်ဖွင့်လှစ်ခဲ့သူ အမျိုးသားစာပေဆုရ ဆရာကိုရိုးကွန့်အား နှုတ်ဆက်ပွဲအခမ်းအနားကို ၆၄x၂၆ လမ်းဒေါင့်ရှိ ရွှေတောင်တန်း-ကြေးအိုးဆိုင်မှာ မတ်လ(၁၁)ရက်နေ့ ညနေ(၅)နာရီက ကျင်းပပြုလုပ်ခဲ့ရာ အပတ်စဉ်(၁)မှ အပတ်စဉ်(၈)အထိ တက်ရောက်သင်ကြားခဲ့သော သင်တန်းသူ၊ သင်တန်းသားများ တက်ရောက် ခဲ့ကြပါတယ်။ အခမ်းအနားမှူးအဖြစ် ဟေမာန်ဦးမှ ဆောင်ရွက်ပေးခဲ့ပြီး ဆရာကိုရိုးကွန့်မှ နုတ်ခွန်းဆက်စကား ဆိုခဲ့ပါတယ်။ သင်တန်းတည်ရာနေရာဖြစ်သော ရတနာပုံဈေး တတိယထပ် AAT Computer Centre သည် ယခုအခါ ရတနာပုံဈေးမီးကြောင့် နေရာပြောင်းရွေ့ခဲ့ရပြီး စာနယ်ဇင်းသင်တန်းကိုလည်း ဆက်လက်သင်ကြား နိုင်ခြင်းမရှိပဲ ဖြစ်ခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ယခုအခါ မိခင်အားအနီးကပ် ပြုစုစောင့်ရှောက်နိုင်ဖို့ မိခင်နေထိုင်ရာ ရန်ကုန်သို့ ပြောင်းရွေ့နေထိုင်တော့မှာဖြစ်လို့ သင်တန်းသားများကို အခုလို နုတ်ဆက်တာ ဖြစ်ပါတယ်။ သင်တန်းသားများအနေနဲ့ သတင်းခေတ်မှာ သတင်းများကို ရေးသားရင်း ရသစာပေများကိုလည်း ရေးသားဖို့အတွက် တိုက်တွန်းပါကြောင်း ဆရာကိုရိုးကွန့်မှ ပြောကြားခဲ့ပါတယ်။ အဲဒီနောက် တက်ရောက်လာသော စာနယ်ဇင်းသင်တန်းသား၊ သင်တန်းသူများက တစ်ဦးခြင်းစီ ရင်ထဲကအမှတ်တရစကား များ ပြောဆိုခဲ့ကြပါတယ်။ ”ဆရာ မန္တလေးကနေ ခွဲခွာတော့မယ်ဆိုတာသိရတဲ့အချိန်မှာ ၀မ်းနည်းဝမ်းသာ ဖြစ်ခဲ့ပါတယ်။ ၀မ်းနည်းတာကတော့ မန္တလေးမှာ အရင်ကမရှိခဲ့ဖူးတဲ့ စာနယ်ဇင်းသင်တန်းကိုဖွင့်လှစ်ပေးခဲ့ပြီး မန္တလေးမြို့ကို နုတ်ဆက်ထွက်ခွာသွားလို့ပါ။ ၀မ်းသာသာကတော့ သင်တန်းမှာပဲ အချိန်ကုန်ခဲ့ပြီး စာအရေးနည်းခဲ့တဲ့ ဆရာ အခုတော့ အေးအေးဆေးဆေး စာတွေရေးနိုင်တော့မှာမို့ပါ။ ဆရာရဲ့ ကျေးဇူးကြောင့် စာအရေးအသားများ ပိုမိုတိုးတက်လာပါတယ်။ သတင်းစာ၊ ဂျာနယ်တွေမှာလည်း သတင်း၊ ဆောင်းပါးတွေ ရေးဖြစ်ခဲ့ပါတယ်။ နောင်လည်းစာတွေအများကြီးရေးဦးမယ်” လို့ စာနယ်ဇင်းသင်တန်းအမှတ်စဉ်(၁) သင်တန်းသားဖြစ်သူ ကိုထိပ်(မန္တလေး)မှ ပြောကြားခဲ့ပါတယ်။
Lucky – Drinking Water PHOTO CONTEST
March 11, 2008
Lucky သောက်ရေသန့်မှ ကျင်းပသော ”လပ်ကီးသောက်ရေသန့် စွယ်စုံရ အရည်အသွေးမှာ ပထမ”ဖိတ်ခေါ် ဓာတ်ပုံပြိုင်ပွဲကို ယခင်ကြေငြာထားသောရက်မှ မတ်လ(၂၁)ရက်နေ့သို့ ပြောင်းလဲ ရွေးချယ်မည်ဖြစ်ကြောင်း ကြေငြာထားပါတယ်။ ပြိုင်ပွဲကို မန္တလေးဓာတ်ပုံအသင်းက ဦးဆောင်ကျင်းပမှာဖြစ်ပြီး Lucky သောက်ရေသန့် မှ အကဲဖြတ်နှစ်ဦးနှင့် မန္တလေးဓာတ်ပုံအသင်းမှ အကဲဖြတ်ငါးဦး စုစုပေါင်း အကဲဖြတ်(၇)ဦးမှ ရွေးချယ်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ဓာတ်ပုံများကို မတ်လ(၁၈)ရက်နေ့ ညနေ(၅)နာရီနောက်ဆုံးထားပေးပို့ရမှာဖြစ်ပြီး ပြိုင်ပွဲပုံအရွယ်အစားမှာ ၁၀x၁၄ လက်မထက်မငယ်စေရပဲ ၁၀x၁၅ လက်မ ထက်မကြီးစေရပါ။ ဆုကြေးများ အနေနဲ့ ပထမဆု ကျပ်လေးသိန်း၊ ဒုတိယဆု ကျပ် သုံးသိန်း၊ တတိယဆု ကျပ်နှစ်သိန်းနဲ့ နှစ်သိမ့်ဆု (၁၀)ဆုအတွက် ကျပ်-၇၅၀၀၀ စီ ချီးမြှင့်မှာဖြစ်ပြီး ပြိုင်ပွဲဝင်တစ်ဦးဟာ ဆုကြီးတစ်ဆုနှင့် နှစ်သိမ့်ဆုတစ်ဆု သို့မဟုတ် နှစ်သိမ့်ဆုနှစ်ဆုထိသာ ခံစားခွင့်ရှိမှာဖြစ်ပါတယ်။ သတ်မှတ်ရက်အမီ ဦးသိန်းထွန်းအောင် (တွဲဖက်အတွင်းရေးမှူး)၊ မန္တလေးဓာတ်ပုံအသင်း၊ စန်းလွင်-ဓာတ်ပုံတိုက်၊ လမ်း၈၀၊ ၂၃x၂၄ လမ်းကြား၊ မန္တလေးသို့ မည်သူမဆို ပြိုင်ပွဲဝင်ကြေးပေးရန်မလိုပဲ ပေးပို့ယှဉ်ပြိုင်နိုင်ကြောင်း သိရှိရပါတယ်။
Actor Zuu Htet RIP
March 11, 2008
ဒါရိုက်တာမောင်ယဉ်အောင်ရိုက်ကူးခဲ့တဲ့ ကိုးဆယ်ဆသာလိမ့်မယ် ရုပ်ရှင်ဇာတ်ကားမှာ ရန်အောင်၊ မေသန်းနု၊ ကျော်ရဲအောင်တို့နှင့် တွဲဖက်သရုပ်ဆောင်ပြီး လူသိများလာတဲ့ လူငယ်သရုပ်ဆောင် ဇူးထက် တစ်ယောက် မတ်လ(၇)ရက်နေ့မှာ မန္တလေးမြို့သစ်က အမေအိမ်မှာပဲ ကွယ်လွန်ခဲ့ကြောင်းသိရပါတယ်။ ဇူးထက်ဟာ ဦးခင်မောင်ရင် (ရတနာပုံကားသင်း)နဲ့ ဒေါ်တင်တင်ချိုတို့ရဲ့ သားဖြစ်ပြီး အမည်ရင်းမှာ ကိုကိုဦး ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက်(၂၂)နှစ်ရှိပြီး B.Sc (Chemistry) ဘွဲ့ရ လူငယ်တစ်ဦးဖြစ်ပါတယ်။ ငှက်ဖျားပိုး ဦးနှောက်ထဲရောက်ပြီး ကွယ်လွန်ခဲ့တာဖြစ်ပြီး မတ်လ(၈)ရက်နေ့က သဂြိုလ် ခဲ့ပါတယ်။ မကွယ်လွန်မီ ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး)၊ ဒါရိုက်တာ ချိုးတူးဇော် တို့နှင့် ဗီဒီယိုဇာတ်ကားများ ရိုက်ကူးခဲ့ပါတယ်။ လောလောဆယ် ဗီဒီယိုဇာတ်ကားနှစ်ကား ထွက်ရှိဖို့ရှိနေပြီး ရုပ်ရှင် ဇာတ်ကားကြီးရိုက်ဖို့ စီစဉ်ဆဲမှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။
U Phone – Chemistry publish the new Book
March 10, 2008![]()
ဦးဘုန်း-ဓာတု(မန္တလေး) ရေးသားတဲ့ နီးနီးဝေးဝေး အတွေးလက်ဆောင် အမည်ရတဲ့ စာအုပ်မိတ်ဆက်ခြင်းနဲ့ စာအုပ်ထုတ်ဝေခြင်းအထိမ်းအမှတ် အဖြစ် စာရေးဖော်ရေးဖက်၊ စာတွေးဖော်တွေးဖက်၊ စာရေးသူ၊ စာချစ်သူများကို ဖိတ်ကြားပြီး မန္တလေးမြို့ နန်းတော်ရှေ့က AnyWay Cafe မှာ မတ်လ(၉)ရက်နေ့ နံနက်(၁၁)နာရီက ပြုလုပ်ပါတယ်။ ဆရာသင့်နော်က အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ပေးခဲ့ပြီး စာပြုသူ ဦးဘုန်း(ဓာတု)က စာအုပ်ထုတ်ဝေရခြင်းနဲ့ ပတ်သက်ပြီး ရှင်းလင်တင်ပြပါတယ်။ အဲဒီနောက်မှာ ဆရာကျော်ရင်မြင့်၊ ဆရာညီစေမင်း၊ အရှင်တက္ကသိုလ်တေဇလင်း၊ ဆရာမသင်းသင်း (မန္တလာ)နဲ့ ဆရာစိုးနိုင်(မန္တလေး)တို့က အမှတ်တရစကားများ ပြောဆိုကြပါတယ်။ တက်ရောက်လာသူတိုင်းကို စာအုပ် လက်ဆောင်ပေးအပ်ခဲ့ပြီး အကျွေးအမွေးနဲ့ ပျော်ပျော်ပါးပါး လက်ဆုံစားဖို့ တည်ခင်းဧည့်ခံပါတယ်။ ”ဦးဏှောက်နဲ့ ရင်းပြီး နှလုံးသားနဲ့ သန္ဓေတည်လို့ မွေးဖွားလာခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ထဲက စာတွေဟာ ဆောင်းပါးမဟုတ်ပါဘူး။ ၀တ္ထုလည်း မဟုတ်ပါဘူး။ ကျွန်တော်ဟာလည်း စာရေးဆရာမဟုတ် ပါဘူး။ စာရေးသူပါ။ ကျွန်တော်တွေးမိတာလေးတွေကို ရေးတတ်သလို ရေးထားတဲ့ အတွေးစကားလေး တွေပါ”လို့ အမှာစာမှာရေးသားထားပါတယ်။ ပန်းဝေေ၀စာအုပ်တိုက်က ထုတ်ဝေတာဖြစ်ပြီး လူငယ်ရော လူကြီးပါဖတ်သင့်တဲ့ အတွေးစာအုပ်ဖြစ်ပါတယ်။
Good Bye … Sai ….
March 10, 2008
ကျွန်တော် ငယ်ငယ်ကတည်းက သီချင်းတွေကို နှစ်သက်ခဲ့တဲ့ နိုင်ငံကျော် အဆိုတော် စိုင်းထီးဆိုင်သည် ယနေ့နံနက်က ရန်ကုန်မြို့၌ ကွယ်လွန်သွားခဲ့ပါပြီ ….
ရန်ကုန်ဆေးရုံကြီးရှိ အစာအိမ်နှင့် အူလမ်းကြောင်းဌာနတွင် တက်ရောက်ကုသရင်း ယနေ့ နံနက် ၅ နာရီ ၄၅ မိနစ်က ရှမ်းအမျိုးသားအဆိုတော် (အသက် ၅၈ နှစ်) ကွယ်လွန်သွားခဲ့ခြင်း ဖြစ်တယ်လို့သိရပါတယ် …..
စိုင်းထီးဆိုင်သည် မန္တလေးတက္ကသိုလ်မှ စိုက်ပျိုးရေးဘွဲ့ ရခဲ့သူဖြစ်ကာ လက်တွဲဖော် သီချင်းရေးဆရာ စိုင်းခမ်းလိတ် ရေးသားသည့် ‘မန္တလေးရောက် ရှမ်းတယောက်’ သီချင်းစီးရီးဖြင့် မြန်မာပြည်တဝှမ်းမှာ စတင် နာမည်ကြီးလာသူ ဖြစ်ပါတယ် ….
သူ့ကို အဖ ဦးနန္ဒ ကမ္မဋ္ဌန်းဆရာနှင့် ကျောင်းဆရာမ ဒေါ်မြအိန် မှ ရှမ်းပြည်နယ် လင်းခေးမြို့နယ် ဝမ်ဟပ်ကျေးရွာအုပ်စု ယခ (စံပြကျေးရွာ) တွင် ၁၉၄၉ ခုနှစ် စက်တင်ဘာလတွင် မွေးဖွားခဲ့ပါတယ် … မွေးချင်းမောင်နှမ ၅ ဦးအနက် သူဟာ ဒုတိယမြောက် သားဖြစ်ကာ အမ၊ ညီနှင့် ညီမနှစ်ဦး ရှိပါတယ် ….
ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်သန်းစိုး၊ သားတဦးနှင့် သမီးနှစ်ဦး ကျန်ရစ်ခဲ့သည်။ ယခုလ ၁၂ ရက်နေ့တွင် ရေဝေးသုသာန်၌ ဂူသွင်းသင်္ဂြိုဟ်မှာ ဖြစ်ပါတယ် ….
Posted by sayaba
Posted by sayaba
Posted by sayaba